တိုကျို    နိုဝင်ဘာ    ၁

ဂျပန်အစိုးရက ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့ဝင်များအပေါ်   စီးပွားရေးပိတ်ဆို့ အရေးယူရန် ယနေ့ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင်  ဟားမတ်စ်အဖွဲ့ဝင်များအား စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့၏  အကြမ်းဖက်တိုက်ခိုက်မှုနှင့် အစ္စရေးနိုင်ငံ၌ အရပ်သားများအား ပြန်ပေးဆွဲမှုများ သည်  မည်သည့်အခါမျှ  လက်ခံနိုင်စရာမရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများအဖြစ် ဂျပန်က ရှုတ်ချခဲ့ကြောင်း လည်း သိရသည်။

အဆိုပါ ပိတ်ဆို့အရေးယူမှုသည် ဂျပန်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့ပြင် ဟားမတ်စ်အဖွဲ့၏  ဝင်ငွေရင်းမြစ်များကို ဖြတ်တောက်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

ဟားမတ်စ်အဖွဲ့၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် ပါဝင်သော ဟားမတ်စ်အဖွဲ့ဝင် တစ်ယောက်ချင်းစီ၏ ပိုင်ဆိုင်မှုများအပြင် ဂါဇာအခြေစိုက် ဒစ်ဂျစ်တယ် ငွေကြေးလဲလှယ်မှုနှင့် ငွေလွှဲပြောင်းမှုဆိုင်ရာ အသုံး ပြုမှုများကို ရပ်တန့်သွားမည်ဖြစ်သည်။

အလားတူ အမေရိကန်နိုင်ငံကလည်း ဟားမတ်စ်တို့အပေါ်  ဒဏ်ခတ်ပိတ်ဆို့မှုများ   ချမှတ်မည်ဟု မကြာသေးမီက ကြေညာထားပြီးဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်