ဂျပန်အိုလံပစ်ဦးလေးကြီး ကွယ်လွန်လေပြီ

အိုလံပစ်အားကစားပြိုင်ပွဲကို ထောက်ခံသူ အသက် ၉၂ နှစ်အရွယ်ရှိ ဂျပန်အမျိုးသား နာအိုတိုရှီယာမာဒါ ကွယ် လွန်သွားခဲ့ပြီဖြစ်သည်။

 

ယာမာဒါသည် မတ်လ ၉ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း တိုကျိုအခြေစိုက် ကုမ္ပဏီတစ်ခုက ပြောကြားသည်။


ယာမာဒါသည် ၁၉၆၄ ခုနှစ် တိုကျို နွေရာသီအိုလံပစ်ပွဲတော်နောက်ပိုင်း ကျင်းပသည့် အိုလံပစ်အားကစားပြိုင်ပွဲ တိုင်းသို့ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲများအတွင်း ဂျပန်ရိုးရာ အဝတ်အထည်များကို ဝတ်ဆင်ခဲ့သည်။ အိုလံပစ်အား ကစားပြိုင်ပွဲနှင့်ပတ်သက်သည့် စိတ်ထားထက်သန်မှုကြောင့် ၄င်းအား အိုလံပစ်ဦးလေးဟု နာမည်ပြောင် ပေးခဲ့သည်။

 

ယာမာဒါသည် ၂၀၂၀တိုကျိုအိုလံပစ်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲကိုမြှင့်တင်ရန် လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့ သော သုံးနှစ်ကလည်း ယာမာဒါသည် တိုယာမာစီရင်စုရှိ ၄င်းဇာတိမြို့၌ ပုံနှင့် အမှတ်တရပစ္စည်း ၂၀ဝ ခန့် ပါဝင်သော အိုလံပစ်ပစ္စည်းများဆိုင်ရာ ပြပွဲတစ်ရပ်ကို စီစဉ်ကျင်းပခဲ့သည်။

 

ယာမာဒါသည် နောက်နှစ်နွေရာသီ အားကစားပြိုင်ပွဲသို့ တက်ရောက်ရန် မျှော်လင့်ခဲ့သည်ဟု ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။ ၄င်း၏ ကျန်းမာရေး ဆိုးရွားလာသဖြင့် ဖေဖော်ဝါရီလအတွင်း ဆေးရုံတင်ခဲ့ရသေးသည်ဟု ၄င်းတို့က ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်