၃ အောက်တိုဘာ
အပူပိုင်းမုန်တိုင်း မီတက် သည် ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် အဓိက တိုက်ခတ်ကာ ဒေသတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
မုန်တိုင်း မီတက်သည် ကိုရီးယားကျွန်းဆွယ် အနီးတွင် လတ်တလော တိုက်ခတ်သွားသည်ဟု မိုးလေဝသ အေဂျင်စီက ဆိုသည်။
ပူနွေးစိုစွတ်သော လေထုသည် မုန်တိုင်းအဖြစ် တိုက်ခတ်ကာ လေထုမတည်ငြိမ်မှုကို ဖြစ်ပေါ်စေသည်။
ယနေ့ မနက်ပိုင်းက ကိုချီစီရင်စုရှိ ဆူဆာကီ၊ တိုဆာနှင့် ကိုချီမြို့များတွင် တစ်နာရီလျင် မိုးရေချိန် ၁၂၀ မီလီမီတာခန့် ရှိကြောင်း မိုးလေဝသ တာဝန်ရှိသူများက ပြောဆိုသည်။
မီတက် မုန်တိုင်းသည် လေဖိအားလျော့နည်း လာဖွယ်ရှိသည်ဟု မျှော်လင့်ရကာ ဂျပန်ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး သောကြာနေ့တွင် ဂျပန်နိုင်ငံ မြောက်ပိုင်းသို့ ချဉ်းကပ်လာဖွယ်ရှိသည်။
ဂျပန်နိုင်ငံ မြောက်ပိုင်းတွင်လည်း သောကြာနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည်။
ကျူရှူးကျွန်း မြောက်ပိုင်းတွင် ယနေ့မွန်းတည့်ချိန်၌ လည်းကောင်း၊ ဟိုကူရိကူနှင့် တိုဟိုကူကျွန်းတို့တွင် သောကြာနေ့၌ လည်းကောင်း လေပြင်းတိုက်ခတ်ဖွယ် ရှိသည်။
မြေနိမ့်ပိုင်း ဒေသများတွင် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မြစ်ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် မိုးလေဝသ တာဝန်ရှိသူများက သတိပေးချက်များ ထုတ်ပြန်ထားသည်။
ဂျပန်ပင်လယ်ပြင်တွင် လှိုင်းကြီးခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို