၄ ဇွန်

 

ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ရဲတပ်ဖွဲ့က ဒူးလေးဟု ယူဆရသည့် လက်နက်တစ်မျိုးဖြင့် လူအမြောက်အမြားကို တိုက်ခိုက်မှု သံသယဖြင့်  လူတစ်ဉီးကို ဖမ်းဆီးခဲ့သည်။

 

တိုက်ခိုက်ခံရသူများထဲမှ နှစ်ဉီးမှာ သတိမေ့လျက်ရှိသည်။

 

ယနေ့နံနက်တွင် ဖုန်းခေါ်ဆိုသူတစ်ဉီးက ကလေးငယ်တစ်ဉီး မြှားဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့သို့ ဖုန်းခေါ်ဆိုခဲ့သဖြင့် ရဲအရာရှိများသည် ယိုကိုစီရင်စုရှိ တာကာဇူကာ အိမ်သို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

 

တက္ကသိုလ်ကျောင်းသားဟု ယူဆရသည့် အသက် ၂၀ အရွယ် အမျိုးသားတစ်ဉီးသည် ၎င်း၏ မိသားစုအား ဒူးလေးတစ်စင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

အဆိုပါ လူရွယ်အား လူသတ်ရန်ကြံစည်မှုဖြင့် ဖမ်းဆီးခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်