၂၆ ဇူလိုင်
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် သေးငယ်သည့် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယနေ့ဖြစ်ပွားခဲ့ပြီး မီးခိုးများသည် ၁၆၀ဝ မီတာအထိ ရောက်ရှိပျံ့နှံ့ခဲ့ကြောင်း မိုးလေဝသအေဂျင်စီက ပြောကြားသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၀၆ မီတာရှိ အဆိုပါ မီးတောင်အမှတ်၁ Mt. Aso's Nakadake သည် နံနက် ၇ နာရီ ၅၇ မိနစ်အချိန်ခန့်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများ မရှိကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီလအတွင်းကလည်း ကိုမိုမီတိုစီရင်စုတွင် အသေးစားပေါက်ကွဲမှု နောက်ဆုံးဖြစ်ပေါ်ခဲ့သေးသည်။ မီးတောင်မှ ပြာမှုန်ထွက်ရှိခဲ့ပြီး ဓာတ်ငွေ့များလည်း ထွက်လာနိုင်ကြောင်း အဆိုပါ အေဂျင်စီက သတိပေးခဲ့သည်။
ဧပြီ၁ရက်မှ ၅ရက်နေ့အထိ Mt. Aso's မီးတောင်နားကို လူအများ သွားရောက်ခြင်းမရှိရန် အန္တရာယ်ရှိ အဆင့် ၂အဖြစ် သတ်မှတ်ထားကြောင်း အဆိုပါ အေဂျင်စီက ထုတ်ပြန်ထားသည်။ အဆိုပါ ဒေသ ၁ ကီလိုမီတာအတွင်း ဝင်ထွက်သွားလာခြင်းမပြုရန် ဒေသန္တရ မြူနီစပယ်အဖွဲ့က ထုတ်ပြန်ထားသည်။
ကိုးကား-ကျိုဒို
ဘာသာပြန်-မေဇော်ထက်