၈ ဧပြီ
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်သူများသည် ချယ်ရီပန်းပွင့်များကို စတင်ခံစားကြည့်ရှုနေကြပြီ ဖြစ်ကြောင်း သိရသည်။
ရှီယိုအိုင်ရှီ မြို့တော်ရှိ မီယာဂျီ စီရင်စုရှိ ပြည်သူအများအပြားလာရောက်ကာ နဂိုအတိုင်းပြန်လည်တည်ဆောက်ထားသော ရဲတိုက်ရှိရာ မြေပြင်တွင် ပန်းများပွင့်နေသောချယ်ရီပင်၃၀ဝ ကျော်ကို ကြည့်ရှုကြပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြကြောင်း ဖော်ပြထားသည်။
အိမ်နီးချင်းဖြစ်သော ဖူကူရှီမား စီရင်စုတွင် ပန်းပွင့်စတင်ပွင့်နေပြီဖြစ်သော ချယ်ရီပင်အမျိုးအစားမျိုးစုံ ရှိရာ ဖူကူရှီမား မြို့တော်ရှိပန်းခြံ တစ်ခုသို့ ဧည့်သည်များ အုပ်စုလိုက်သွားလာနေကြကြောင်း သိရသည်။
အချို့ဧည့်သည်များက ချယ်ရီပန်းပွင်းများနှင့် ဓါတ်ပုံများ ရိုက်ကြပြီး ၎င်းတို့၏ စမတ်ဖုန်းများဖြင့် ပုံများကို လူမှုကွန်ယက်ပေါ်တင်ခဲ့ကြသည်။
အဆိုပါ ချယ်ရီပန်းများပွင့်ရာ ပန်းခြံရှိ စေတနာ့ဝန်ထမ်းတစ်ဦးက သူမအနေဖြင့် ပြည်သူများလာရောက်ပြီး ချယ်ရီပန်းပွင့်များကို ကြည့်ရှုခံစားစေချင်ကြောင်း ပြောကြားခဲ့သည်။
ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား-အန်အိတ်ချ်ကေ