မြင်းမူ ၉   ဖေဖေါ်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်ချက်  တိုင်းဒေသကြီး လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့တွင် ဂျပန်ဘာသာ စကားပြောသင်တန်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုအချိန်မှာ ဂျပန်နိုင်ငံက မြန်မာတရားဝင် အလုပ်သမားအများအပြား ခေါ်ယူလျက်ရှိကြောင်း သွားရောက်လုပ်ကိုင်နေသူ များပြားလာကြောင်း ဂျပန်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ရန် ဂျပန်စကားပြောတတ်ရန်အရေးကြီးကြောင်း၊ အဲဒါကြောင့် တိုင်းဒေသကြီးအစိုးရ လမ်းညွှန်မှုဖြင့် ဒီမှာလာရောက်ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ကြောင်း ဂျပန်ဘာသာစကား လာရောက်သင်ကြားမည့် ဒေါ်ယုယုဝင်း(ရွှေမြန်မာ ဂျပန်စကား ပြောသင်တန်း)နည်းပြဆရာမထံမှ သိရှိရသည်။ 

ဂျပန်စကားပြော သင်တန်းကို Level 5 အထိ သင်ကြားနိုင်ကြောင်း ယခုဖွင့်လှစ်သင်ကြားမည့် Level (1) ကို သင်တန်းသား (၅၀)ဦးဖြင့် ဖေဖေါ်ဝါရီ(၁၅)ရက်နေ့မှ စတင်ကာဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်းသင်တန်း ကာလမှာ(၁)လဖြစ်ပြီး သင်တန်းကြေးမှ တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ ကျသင့်မည်ဖြစ်ကြောင်း သိရှိသည်။

အောင်စိုးဖေ(မြင်းမူ)