ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဂျပန်နိုင်ငံ၏ ဘုရင်အသစ်ဖြစ်သည့် နာရီဟီတိုထံသို့ ဂုဏ်ပြုကြေးနန်းတစ်စောင် ပေးပို့ခဲ့သည်။
နန်းမွေဆက်ခံသည့် ဘုရင်သစ်ကို ချီးကျူးဂုဏ်ပြုမှု ပြုလုပ်လိုခြင်းဖြစ်ကြောင်း သမ္မတ ပူတင်ကပြောသည်။
ကျွန်ုပ်တို့နှစ်နိုင်ငံ၏ ဆက်ဆံရေးမှာ မကြာမီကာလအတွင်း သိသိသာသာ တိုးတက်ခဲ့ကြောင်း၊ ရုရှားနှင့် ဂျပန်တို့သည် အပြုသဘောဆောင်သော နိုင်ငံရေးဆွေးနွေးမှုတစ်ခုကို ဆုပ်ကိုင်ထားပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လက်ရှိပြဿနာများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း ၄င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံး၏ ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီပြီး နိုင်ငံတကာ တည်ငြိမ်ရေးနှင့်လုံခြုံရေးများကို ခိုင်မာအားကောင်းစေသည့် နယ်ပယ်အသီးသီးတွင် ရုရာုးနှင့်ဂျပန်တို့ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်တည်ဆောက်ရေးကို ယုံကြည်မှုရှိကြောင်း ပူတင်က ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်