၂၈ အောက်တိုဘာ

 

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်အစိုးရက ဂျပန်နိုင်ငံမှ ခရီးသွားဧည့်များအတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုများကြောင့် လက်ရှိချမှတ်လျက်ရှိသော ကွာရန်တင်းဆိုင်ရာလိုအပ်ချက်များ ဖြေလျှော့မှုစတင်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်စစ်ဆေးမှုတွင် ထိုရောဂါပိုးမတွေ့ရှိသူများအတွက် ပြဌာန်းထားသော ၁၄ ရက်ကြာ ကိုယ်တိုင်ကွာရန်တင်းနေထိုင်ခြင်း လိုအပ်တော့မည် မဟုတ်ကြောင်း  ဟာဝိုင်အီအစိုးရက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြည်နယ်စံနှုန်းအသစ်များသည် နိုဝင်ဘာလ ၆ ရက်နေ့အစောပိုင်းတွင် သက်ရောက်မည် ဖြစ်သည်။

 

ထိုဖြေလျှော့မှုများသည် ဂျပန်နိုင်ငံမှခရီးသွားဧည့်များ လာရောက်မှုကို ဖြည်းဖြည်းချင်းများပြား လာစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ဟာဝိုင်အီ ပြည်သူများကဆိုသည်။

 

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဟာဝိုင်အီပြည်နယ်မှလာရောက်သူများသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှုလုပ်ဆောင်ရန် လိုအပ်နေဦးမည် ဖြစ်ကြောင်း ပြောကြားသည်။ နေအိမ်၊ ဟိုတယ်များနှင့် အခြားသတ်မှတ်ထားသောနေရာများတွင် သီတင်းနှစ်ပတ်ကြာ နေထိုင်ရန်ကိုလည်း ထိုပြည်နယ်မှလာရောက်သူများအား ပြောကြားသွားမည် ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို