ဂျပန်မှာပညာသင်ကြားဖို့ စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံသားတွေကို လာရောက်ဆွေးနွေးကြဖို့ ဂျပန်သံရုံး ဖိတ်ခေါ်

ရန်ကုန် ၂၂ နိုဝင်ဘာ 

ဂျပန်နိုင်ငံမှာပညာသင်ကြားဖို့ စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံသား မည်သူမဆို မိမိတို့နဲ့ လာရောက်ဆွေးနွေးကြဖို့ ဂျပန်သံရုံးက ဖိတ်ခေါ်လိုက်ပါတယ်။

လစဉ်လတိုင်း ပြုလုပ်နေတဲ့ ပညာတော်သင်ဆွေးနွေးပွဲခေါင်းစဉ်အောက်မှာ ဂျပန်နိုင်ငံမှာပညာသင်ကြားဖို့ စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာဘာသာစကားနဲ့ တစ်ယောက်ချင်းစီ အခမဲ့ ဆွေးနွေးပေးမှာဖြစ်ပြီး လူဦးရေကန့် သတ်ထားတာဖြစ်တာကြောင့် စာရင်းပေးသွင်းဖို့ လိုပါတယ်။ 

စိတ်ဝင်းစားသူတွေအနေနဲ့ ဖုန်းနံပါတ် ဝ၁-၅၄၉၆၄၄-၄၈ ကို ဆက်ပြီး စာရင်းပေးသွင်းနိုင်မှာ ဖြစ်တယ်လို့ ဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။

MDN