ဇွန် ၃

ဂျပန်နိုင်ငံမိဖုရားမီချီကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရကြောင်း ဂျပန်နိုင်ငံအင်ပါယာအိမ်တော်အေဂျင်စီက ပြောကြားသည်။ မီချီကိုသည် ယမန်နေ့မနက်အစောပိုင်းမှစတင်ကာ လည်ချောင်းနာနေခဲ့ပြီး ယနေ့မနက်ပိုင်းက မသက်မသာဖြစ်လာသည်ဟု ထိုအေဂျင်စီကဆိုသည်။ မီချီကိုသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရကြောင်း အတည်ပြုသည့်ပီစီအာစစ်ဆေးမှုပြုလုပ်ခဲ့သည်။ တိုကျိုရှိသူမနေထိုင်ရာအရပ်၌ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ထိုအေဂျင်စီကဖော်ပြထားသည်။ အင်ပါယာအာကီဟီတိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု သိရသည်။ အဆိုပါဘုရင်နှင့်မိဖုရားတို့သည် တိုကျိုမြောက်ပိုင်း တိုချီဂီစီရင်စုရှိ နစ်ကိုမြို့သို့ လွန်ခဲ့သောသီတင်းပတ် အင်္ဂါနေ့က လေးရက်ကြာသွားရောက်လည်ပတ်ခဲ့ပြီး တိုကျိုသို့သောကြာနေ့က ပြန်လည်ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို