တိုကျို၊ စက်တင်ဘာ ၂၂

 

ဂျပန်မိုးလေဝသအေဂျင်စီက အီရှီဂါဝါဒေသနေရာ တော်တော်များများတွင် မိုးကြီးမည့်အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပြီး  ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအား သတိရှိကြရန် တိုက်တွန်းထားသည်။

 

စက်တင်ဘာ ၂၀ ရက် ညနေပိုင်းမှ ၂၂ ရက် ညနေ ၅ နာရီအထိ ဝါဂျီမာမြို့တွင် မိုးရေချိန် ၅၀၀ မီလီမီတာနီးပါး  ရွာသွန်းခဲ့ပြီး ဆူဇူမြို့တွင် ၄၀၀ မီလီမီတာနီးပါး ရွာသွန်းခဲ့သည်။ ယင်းနှစ်မြို့လုံးတွင် စက်တင်ဘာလ၏ ပျမ်းမျှမိုးရေချိန်ထက် နှစ်ဆကျော်ပိုများပြီး မှတ်တမ်းများအရ မိုးရေချိန် အမြင့်ဆုံးစံချိန်တင်ခဲ့သည်။

 

ဆူဇူမြို့တွင် မြေပြိုမှုကြောင့် လူတစ်ဦးသေဆုံးပြီး ဝါဂျီမာနှင့် ဆူဇူမြို့တို့မှ အသက် ၁၅ နှစ်နှင့် ၈၆ နှစ်ကြားရှိ လူခြောက်ဦး ပျောက်ဆုံးနေကြောင်း အီရှီဂါဝါပြည်နယ် တာဝန်ရှိသူများက ပြောကြားသည်။ တစ်ချိန်တည်းတွင် ဝါဂျီမာမြို့ မြစ်ကမ်းတစ်လျှောက်ရှိ အိမ်လေးလုံး ရေစီးဖြင့်မျောပါသွားပြီး အဆိုပါနေအိမ်တွင်နေထိုင်သူများ၏ အခြေအနေကို မသိရသေးကြောင်း ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။ စက်တင်ဘာ ၂၃ ရက် ညနေပိုင်းအထိ နောက် ၂၄ နာရီအတွင်း ကျူရှူးတောင်ပိုင်းတွင် မိုးရေချိန် ၁၅၀ မီလီမီတာ၊ တိုဟိုခုဒေသ၊ အီဇုကျွန်းစုများ၊ တိုခအိ၊ ကိအွန်းခိနှင့် ကျူရှူးမြောက်ပိုင်းဒေသတို့တွင် မိုးရေချိန် ၈၀ မီလီမီတာအထိ ရွာသွန်းဖွယ်ရှိသည်။

 

အင်န်အိတ်ချ်ကေ