မေ ၁၅

ဂျပန်နိုင်ငံ အိုင်ဝိုဂျီးမားကျွန်းတွင်  ယနေ့ ပြင်းအား ၆ ဒသမ ၀ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှု သတင်းများ ချက်ချင်းမရရှိသေးကြောင်း ဖော်ပြထားသည်။ အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက်စော ၀၀ နာရီ ၃၄ မိနစ်က ဟာဟာဂျီးမားကျွန်း ၁၀ ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ပြီး နိုင်ငံ၏ ငလျင်စကေးအဆင့်ခုနစ် တွင် အဆင့်သုံး ရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ ဂျေအမ်အေ(JMA) က ပြောကြားခဲ့သည်။

ငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၂၄ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၄၂ ဒသမ ၅ ဒီဂရီတွင် ရှိကြောင်း ကနဦး ဆုံးဖြတ်ချက်အရ သိရသည်။ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်း မရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို