၂၄ စက်တင်ဘာ 

 

၂၀၁၆ ခုနှစ်က ကိုရီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် Seoul Kpop International Cover Dance  ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ၊ မြန်မာနိုင်ငံကိုယ်စားပြု Project k  အကအဖွဲ့ကို ဂျပန်နိုင်ငံမှ ထုတ်လုပ်သော anello အမှတ်တံဆိပ်မှာ ambassadorship  အဖြစ်ခန့်အပ်ခဲ့ပြီး အနုပညာအလုပ်များ ပူးပေါင်းလုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

 

" ကျွန်တော်တို့ အဖွဲ့ကို anello ကနေ အခုလို     ambassadorship   အဖြစ် ခန့်အပ်ခဲ့တာကို အများ ကြီး ဂုဏ်ယူမိပါတယ် ၊ ကျွန်တော်တို့ လိုလူငယ်တွေကို  သံတမန်အဖြစ်ခန့်အပ်တယ် ဆိုတော့သူတို့ ရဲ့ လှုပ်ရှားမှု တိုင်းမှာရော ၊ ကျွန်တော်တို့ လှုပ်ရှားမှုတိုင်းမှာပါ  အနုပညာဆန်တဲ့ ရင်းနှီးမှုတွေ အများကြီးရမှာပါ ၊ ကျွန်တော်တို့လို လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ၊အကအဖွဲ့ အနေနဲ့လည်း ရှေ့ဆက်ပြီး အကပညာတွေကို ဆန်းသစ်တီထွင်ရင်း ၊ anello နဲ့ လက်တွဲ ပြီး အနုပညာအလုပ်တွေ လုပ်ဖို့ရှိပါတယ် ၊  ကျွန်တော်တို့အဖွဲ့ သီချင်းသစ်တွေကို ပရိသတ်တွေ အနေနဲ့ ခံစားရတော့မှာပါ  ၊ စက်တင်ဘာလကုန်မှာ ထွက်ဖို့ကြိုးစား နေပါတယ် ၊ ကျွန်တော်တို့ အနေနဲ့ အကကြီးပဲ မဟုတ်ဘဲ ၊ အဆိုပိုင်းကိုပါ အဓိကထားပြီး လုပ်သွားမှာပါ ၊ သီချင်းကိုတော့ ကိုမိုးထက်က ရေးပေးထားပါတယ် ၊ " ပုံပြောကောင်းတဲ့ ချစ်သူလို့ " နာမည်ပေးထားတယ်ဗျာ့ ၊ ဒီသီချင်းလေးအတွက် အကတွေ တိုက်နေတာ (၁၀) ရက်လောက်ရှိပြီ ၊မကြိုက်လိုက်ပြန်တိုက်လိုက်နဲ့ ပေါ့ ၊ တစ်ရက်ကို ကျွန်တော်တို့ (၈) နာရီလောက် အကတိုက်ဖြစ်ခဲ့တယ် ၊ အဲ့လိုပြင်ဆင်ပြီးမှ Music Video ကို ရိုက်လိုက်တာပါ ၊ " ဟု ဆိုသည် ။ 

 

၎င်းတို့ ဖန်တီးထားသော တေးသီချင်း တစ်ပုဒ်ကိုလည်း စက်တင်ဘာလ (၁၆) ရက်နေ့က စပြီး ပရိသတ်တွေ ခံစားကြည့်ရှုနိုင်ရန်အတွက် အွန်လိုင်းတွင် တင်ထားကြောင်းသိရသည်။

 

ကိုလင်း