တိုကျို မတ် ၃

 

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အိဝါတဲခရိုင်၌ တောမီးလောင်ကျွမ်းမှုမှာ ငါးရက်ကြာခဲ့ပြီဖြစ်သည်။ တောမီးသည် အော့ဖွန်နာတိုမြို့တွင် ဆက်လက်လောင်ကျွမ်းလျက်ရှိသည်။ မတ် ၃ ရက် နံနက် ၆ နာရီအထိ မြေဟက်တာပေါင်း ၂၁၀၀ ခန့်မီးလောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း ခရိုင်အရာရှိများက ပြောသည်။

 

မီးလောင်ကျွမ်းမှု အဆိုးဆုံးဖြစ်ပွားခဲ့သည့် အာကာဆာကီချို ဆိုတိုဂူချီဒေသတွင် မီးလောင်မှုကြောင့် အဆောက်အအုံ အပျက်အစီးများနှင့် အဆောက်အအုံတချို့မှ ထွက်ပေါ်လာသော မီးခိုးများကို အင်န်အိတ်ချ်၏ ရုပ်သံဖိုင်တွင် တွေ့မြင်ရသည်။ မီးငြှိမ်းသတ်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

 

အော့ဖွန်နာတိုမြို့တွင် ‌ရွှေ့ပြောင်းမိန့်မျာ ထုတ်ပြန်ခဲ့သည်။ မတ် ၃ ရက် နံနက် ၁၁ နာရီအထိ လူပေါင်း ၁၂၀၂ မီးဘေးခိုလှုံရာ အဆောက်အအုံများ သို့ ပြောင်းရွှေ့ခဲ့သည်။

 

အော့ဖွန်နာတိုမြို့တွင် မတ် ၄ ရက်အထိ ခြောက်သွေ့သောလေများ ဆက်လက် တိုက်ခတ်သွားမည် ဖြစ်ပြီး ဆီးနှင်းများသည် မတ် ၅ ရက် အစောပိုင်းတွင် စတင်ကျဆင်းမည်ဖြစ်သည်။ မတ် ၅ ရက်တွင် မိုးရွာသွန်းမည်ဟု မိုးလေဝသအရာရှိများက ပြောကြားထားသည်။

 

အင်န်အိတ်ချ်ကေ