တိုကျို  ဖေဖော်ဝါရီ  ၂၇

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အီဝါတဲပြည်နယ် အိုဖူနာတိုမြို့တွင် တောမီးဆက်လက် လောင်လျက် ရှိသည်ဟု မြို့တော်မှတာဝန်ရှိသူများက ပြောသည်။ တောမီးကြောင့် အိမ်  ၈၄  လုံးနှင့်  အခြားသော အဆောက်အအုံများမှာ   ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ဖေဖော်ဝါရီ   ၂၆  ရက် မွန်းလွဲပိုင်းက စတင်လောင်ခဲ့သည့်  တောမီးသည် အခြားသောခရိုင်များသို့ပါ     ပျံ့နှံ့လျက်ရှိပြီး   ဖေဖော်ဝါရီ    ၂၆   ရက် ညပိုင်းအထိ မြေဟက်တာပေါင်း   ၆၀၀   ကျော် လောင်ခဲ့ပြီဖြစ်သည်။

ဆန်ရီကူချို ရိုင်အိုရီဒေသရှိ  အိမ်ပေါင်း ၈၅၀ တွင်  နေထိုင်ကြသည့်  လူပေါင်း  ၂၀၆၀ ကို  ဘေး လွတ်ရာသို့ရွှေ့ပြောင်းရန်     အမိန့်ထုတ်ထားပြီး ဖေဖော်ဝါရီ ၂၆ ရက်  ည ၁၀ နာရီတွင်  ကယ်ဆယ် ရေးစင်တာသို့ လာရောက်ခိုလှုံသူပေါင်း ၅၈၄ ဦး ရှိပြီဖြစ်သည်။

ရဲများနှင့်မီးသတ်သမားများက တောမီးလောင်ရာနေရာများတွင် ထိခိုက်ဒဏ်ရာရသူများရှိမရှိနှင့် ပိတ်မိနေသူများ ရှိမရှိ စစ်ဆေးလျက်ရှိကာ ဒေသခံများနေထိုင်ရာနေရာတွင်လည်း       ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

အင်န်အိတ်ချ်ကေ