၁၁ ဒီဇင်ဘာ
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံတွင် နှစ်စဉ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကျင်းပလေ့ရှိသည့် ဆတ်ပိုရို နှင်းပွဲတော်ကို ပုံမှန်အခမ်းအနားဖြင့် ကျင်းပနိုင်လိမ့်မည် မဟုတ်ဟု မျှော်လင့်ရသည်။
နှင်းပွဲတော်အား ပုံမှန်အခမ်းအနားဖြင့် ကျင်းပရန် ခက်ခဲနိုင်ကြောင်း ဆတ်ပိုရိုမြို့တော်ဝန် အကီမိုတို ကတ်ဆူရှီရိုက သတင်းထောက်များကို ဒီဇင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့သည်။
အဆိုပါ နှင်းပွဲတော်သည် နှစ်ပေါင်း ၇၀ ကြာ ဂျပန်နိုင်ငံ၏ သမိုင်းဝင် ဆွဲဆောင်မှုရှိသည့် ဆောင်းရာသီပွဲတော် တစ်ခုဖြစ်ပြီး အစဉ်အလာကို ထိန်းသိမ်းရန် အရေးကြီးကြောင်း အကီမိုတိုက ပြောကြားခဲ့သည်။
အွန်လိုင်းမှ နှင်းပွဲတော် ကျင်းပခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ကြောင်း ၎င်းက အကြံပေး ပြောကြားခဲ့သည်။
အဆိုပါ နှင်းပွဲတော်က နှစ်စဉ် ကမ္ဘာလှည့် ခရီးသည် နှစ်သန်းကို ဆွဲဆောင်လျက်ရှိသည်။
ယခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့သည့် ပွဲတော်အတွင်း ကမ္ဘာလှည့် ခရီးသည်များနှင့် ဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ပွဲတော်ကို အကျဉ်းရုံး အစဉ်အစီဖြင့်သာ ကျင်းပရန် အဆိုပါ အဖွဲ့အစည်း ကော်မတီကလည်း စဉ်းစားလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်