ဇွန် ၁၂

 

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးခရိုင်တွင် ပြင်းအား ၆ ဒသမ ၂ ပမာဏငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသအေဂျင်စီက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါငလျင်သည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၅ မိနစ်က အနက် ကီလိုမီတာ ၁၄၀ တွင် လှုပ်ခဲ့ခြင်း ဖြစ်သည်။

 

ငလျင်ဗဟိုချက်သည်  အုရာကာဝါကမ်းလွန်တွင် မြောက်လတ္တီကျု့ ၄၂ ဒသမ ၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု့ ၁၄၂ ဒသမ ၀ ဒီဂရီ တွင် လှုပ်ခတ်ခဲ့သည်။

 

ထိုငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး ဆူနာမီသတိပေးချက်မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို