ဩဂုတ် ၂၉
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီးမားခရိုင် ကုန်းတွင်းပိုင်းသို့ တိုင်ဖွန်းမုန်တိုင်းရှန်ရှန်ဝင်ရောက်တိုက်ခတ်ခဲ့သည်။
မိုးလေဝသဌာနက ကာဂိုရှီးမားခရိုင်၏ အမြင့်ဆုံးသတိပေးချက်အဆင့်မှ မုန်တိုင်းနှင့်လှိုင်းကြီး အရေးပေါ်သတိပေးချက် အဆင့်သို့ လျှော့ချခဲ့သော်လည်း လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြေပြိုခြင်းတို့ကို ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန် ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။
အဆိုပါခရိုင်ရှိ Satsumasendai မြို့ရှိ ကုန်းတွင်းပိုင်းတွင် ယနေ့မနက် ၈ နာရီဝန်းကျင်က ရှန်ရှန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်ဟု မိုးလေဝသတာဝန်ရှိသူများကဆိုသည်။ တိုင်ဖွန်းမုန်တိုင်းသည် ကူမာမိုတိုခရီုင်ရှိ မီနာမာတာမြို့၏ မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် ၁၅ ကီလိုမီတာဖြင့် ရွေ့လျားသွားသည်ဟု ၎င်းတို့ကပြောသည်။ အချို့ဒေသများတွင် ၄၈ နာရီကျော်အတွင်း မိုးရေချိန် ၇၀၀ မီလီမီတာအထက် မိုးရွာသွန်းခဲ့ကြောင်း ဖော်ပြထားသည်။
ရှီကိုကူဒေသ၊ ရာမာဂူချီခရိုင်နှင့် ကျူရှူတို့တွင် ဩဂုတ် ၃၀ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမည့် တိမ်တိုက်များဖြစ်ပွားနိုင်ပြီး မိုးရွာသွန်းမှုနှင့်ဆက်စပ်သည် ဘေးအန္တရာယ်များ ပိုမိုမြင့်မားမည်ဟု ခန့်မှန်းထားသည်။
တိုင်ဖွန်းမုန်တိုင်းသည် နေအိမ်အချို့ ပြိုကျနိုင်သည့် လေပြင်းများတိုက်ခတ်နိုင်သည်ဟုလည်း မိုးလေဝသပညာရှင်များက ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို