ကန်ဇိုင်း   ဇွန်   ၃

ဂျပန်နိုင်ငံအနောက်ပိုင်းရှိ ကန်ဇိုင်းအပြည်ပြည် ဆိုင်ရာလေဆိပ်၌  ကမ္ဘာအရပ်ရပ်မှ ခရီးသည်များ ပြောဆိုဆက်သွယ်မှု   အဆင်ပြေစေရန်အတွက် ဘာသာစကားများကို    အလိုအလျောက်ဘာသာ ပြန်ဆိုနိုင်သည့် ကိရိယာများကို အသုံးပြုသွားမည်ဖြစ် ကြောင်း သိရသည်။ 

အသိဉာဏ်တုနည်းပညာဖြင့် ထုတ်လုပ်ထား သည့် အဆိုပါကိရိယာသည် အသံဖိုင်ဖြင့် ဘာသာ စကားပေါင်း ၇၀ ကို ဘာသာပြန်ဆိုနိုင်ကြောင်းနှင့် ဘာသာပြန်ဆိုချက်အား ယင်းကိရိယာ၏မျက်နှာ ပြင်တွင်          စာတန်းထိုးဖော်ပြကြောင်း  သိရ သည်။

အဆိုပါဘာသာပြန်ကိရိယာအလုံးရေ ၂၅၀ အား ကန်ဇိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌  အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေမှု ကြောင့် နိုင်ငံ၏နယ်စပ်ဒေသများကို ပိတ်ထားခဲ့ရာမှ ဇွန် ၁၀ ရက်တွင် နိုင်ငံတကာမှ ခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ