၂၀ မေ

ဂျပန်နိုင်ငံ နာရာစီရင်စု ဂျိုးဂျီမြို့ရှိ အိမ်တစ်လုံးတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ မီးလောင်မှုကြောင့် အသက် ၃၀ နှစ်အရွယ် စုံတွဲတစ်တွဲနှင့် အသက် ရှစ်နှစ်၊ ခြောက်နှစ်နှင့် နှစ်အရွယ် ကလေးငယ်သုံးဦးအပါအဝင် ငါးဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

 

၎င်းတို့မှာ အိမ်ထဲတွင် ပိတ်မိနေသည်ဟု ယုံကြည်ရသည်ဟု ဆိုသည်။

 

လူနေအိမ်တွင် သေဆုံးနေသည့် အလောင်း ငါးလောင်း၏ ခန္ဓာကိုယ်များကို တွေ့ရှိခဲ့ရပြီး မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်လျက်ရှိကြောင်း ဒေသန္တရမီးသတ်ဌာနက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်