ရန်ကုန် ၁၂ မတ် 

 

ဂျပန်နိုင်ငံ NHK အသံလွှင့်ဌာနမှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း (Yangon Film School- yfs) သို့ သွားရောက်ပြီး အခြေခံရိုက်ကူးရေး သင်တန်းဖွင့်လှစ်သင်ကြားမှုကို မှတ်တမ်းရိုက်ကူးသည်။

 

မြန်မာ့ရုပ်ရှင် ပြောင်းလဲတိုးတက်လာမှုအဖြစ် Cartoon, Animation များအား စိတ်ဝင်စားမှု မြင့်တက်လာသည့် အခြေအနေကို ပုဂ္ဂလိကရုပ်ရှင် သင်တန်းကျောင်းဖြစ်သော (yfs) တွင် သင်ကြားနေမှုများအား အခြေခံရိုက်ကူးပြီး စိတ်ဝင်စားဖွယ် Documentary ပြသနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။

 

2

 

အဆိုပါအဖွဲ့သည် မတ် ၁၃ ရက်မှ ၂၅ ရက်အတွင်း yfs တွင် ရိုက်ကူးမှုအပြင် မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်၊ သမ္မတရုပ်ရှင်ရုံပတ်ဝန်းကျင်နှင့် ကာတွန်းဦးဝင်းဖေ(အဖျောက်)၏ တစ်နေ့တာလှုပ်ရှားမှု ဘဝပုံရိပ်များ၊ ၎င်း၏ ကာတွန်းလက်ရာများကို ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း၊ ထိုသို့ ရိုက်ကူးထားရှိမှုများကို NHK အသံလွှင့်ဌာန၏ NHK World Channel တွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းထိန်(FDC)