ရန်ကုန် ၈ ဇန်နဝါရီ 

 

ဂျပန်နိုင်ငံ TBS ရုပ်သံရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီကမ်းခြေ၊ ပုလဲကျွန်းနှင့် သဲဖြူကျွန်းတို့တွင် မှတ်တမ်းရိုက်ကူးသည်။

 

အဆိုပါရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ၁၉ လမ်း အလယ်ရှိ စားသောက်ဆိုင်များတွင် လည်းကောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ရှိ Hilton Hotel SandowayResort Ngapali Paradise Hotel နှင့် Ocean Pearl Sea Food စားသောက်ဆိုင်တို့တွင် လည်းကောင်း မှတ်တမ်းရိုက်ကူးခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်ထိ ငပလီကမ်းခြေတွင် ဆက်လက်ရိုက်ကူး မည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ရိုက်ကူးထားရှိမှုများကို ဂျပန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ ခရီးသွားဧည့်သည်များ ပိုမိုသိရှိပြီး မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ TBS ရုပ်သံလိုင်း၏ “World Summers Resort” အစီအစဉ်တွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးဝင်းအောင်(FDC)