တိုကျို   မတ်  ၄

မတ် ၄  ရက်မှစကာ   တောင်ကုန်းထူထပ်သော ကန်တို -  ကိုရှင်းဒေသ၌   ဆီးနှင်းများထူထပ်စွာ ကျဆင်းမည်ဖြစ်ကြောင်း ဂျပန်မိုးလေဝသအရာရှိများက ပြောကြားသည်။

မတ် ၅ ရက်အထိ  ကန်တိုတောင်ပိုင်းဒေသများတွင် နှင်းများ စုပြုံကျဆင်းနိုင်သဖြင့် သယ်ယူ ပို့ဆောင်ရေးကို ဟန့်တားနှောင့်ယှက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

မိုးရွာစေမည့်  လေအေးစီးကြောင်းများနှင့် အေးပြီးစွတ်စိုသည့်   လေများကြောင့်   တိုကျိုအပါ အဝင် ဂျပန်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဆီးနှင်းများစုပြုံကျဆင်းစေနိုင်ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီက ပြောသည်။

ဂျပန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းမှ ဟွန်ရှူးကျွန်းတစ်လျှောက် ဖြစ်ပေါ်နေသည့် လေအေး စီးကြောင်းပေါ်တွင် တည်ရှိနေသော လေဖိအားနည်းရပ်ဝန်းတစ်ခုသည်  အရှေ့ဘက်သို့   ရွေ့လျား သွားမည်ဖြစ်ကြောင်း မိုးလေဝသအေဂျင်စီက ပြောသည်။

ကန်တို  -  ကိုရှင်ဒေသ၊  ရှီဆူအိုကာခရိုင်နှင့် တိုဟိုကူဒေသ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် မတ် ၄ ရက်မှ မတ် ၅ ရက်အထိ ဆီးနှင်းများထူထပ်စွာ ကျဆင်းမည်ဖြစ်ကြောင်း   မိုးလေဝသအေဂျင်စီက ဆက်လက်ပြောကြားသည်။ ကန်တို-ကိုရှင်ဒေသ၏ မြေနိမ့်ပိုင်းများသည် အခြားနေရာများထက် ဆီးနှင်းများ ပိုမိုထူထပ်စွာကျဆင်းမည်ဖြစ်ကြောင်း သိရသည်။

ဆီးနှင်းများဖုံးလွှမ်းပြီး ချော်နေသည့်လမ်းများကြောင့် ယဉ်ကြောပိတ်ဆို့နိုင်ခြေနှင့် ယာဉ်မောင်းနှင် ရာတွင် အဟန့်အတားအနှောင့်အယှက်များဖြစ်နိုင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူ များကို သတိပေးထားသည်။             

အင်န်အိတ်ချ်ကေ