ဖေဖော်ဝါရီ ၁၀
ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၂၂ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့အတည်ပြုပြောကြားသည်။
အဆိုပါရောဂါနေ့စဉ်ကူးစက်မှုလျော့ကျလာသည်မှာ ၂၄ ရက် ဆက်တိုက်ရှိပြီဖြစ်သည်ဟု သိရသည်။
ထိုမြို့တော်တွင် ယင်းရောဂါဖြင့် သေဆုံးသူ ၁၅ ဦး ရှိသည်ဟုလည်း ထိုဝန်ကြီးဌာနကဆိုသည်။
၎င်းရောဂါကူးစက်ခံရသူများအနက် ကျန်းမာရေးအခြေအနေဆိုးရွားသဖြင့် အသက်ရှုအထောက်အကူပြုကိရိယာ တပ်ဆင်ရသူဦးရေ ၃၀ ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို