စက်တင်ဘာ ၂၅
ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စုရှိ မြစ်တစ်စင်းအနီးတွင် အမျိုးသမီးတစ်ဦးသေဆုံးနေသည်ကို ယနေ့တွေ့ရှိခဲ့ရာ စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ကိုးဦးရှိလာကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။
ရဲတပ်ဖွဲ့က အခြားပျောက်ဆုံးနေသူနှစ်ဦးကို ယနေ့မနက် ဒေသစံတော်ချိန် ၁၀ နာရီအထိ ရှာဖွေနေဆဲဖြစ်သည်ဟု အင်န်အိတ်ချ်ကေသတင်းဌာက ဖော်ပြထားသည်။ အီရှီကာဝါဒေသတွင် စက်တင်ဘာလ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ စံချိန်တင်မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပေါ်ခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် အပျက်အစီးများပြားခဲ့ရာ ဆက်လက်၍ သတိထားစောင့်ကြည့်ကြရန် အာဏာပိုင်များက ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။ ဝါဂျီမာမြို့၊ ဆူဇူလမြို့နှင့် နိုတိုမြို့တို့ရှိ နေရာ ၄၆ ခုနှင့် အိမ်ထောင်စု ၅၂၁၆ စုတွင် ယမန်နေ့မွန်းလွဲပိုင်းအထိ ရေပိုက်ပျက်စီးမှုနှင့် လျှပ်စစ်မီးပြတ်တောက်မှုတို့ကြောင့် သောက်သုံးရေမလုံလောက်မှုနှင့်ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို