ဇန်နဝါရီ ၃၁

ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ဓါတ်အားပေးစက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်ဌာနတာဝန်ရှိသူများက ယင်းစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖွယ်ရှိသည်ဟု  ပြောကြားသည်။ အဆိုပါစက်ရုံသည် အီချီစီရင်စုတွင် တည်ရှိသည်ဟု သိရသည်။ တာကီတိုယိုဓါတ်အားပေးစက်ရုံအနီးရှိ နေထိုင်သူများထံမှ ယနေ့ညနေ ၃နာရီခန့်က သတင်းရရှိခဲ့သည်ဟု ၎င်းတို့က ဆိုသည်။ ထိုမီးလောင်မှုတွင် ဒဏ်ရာရရှိသူမရှိကြောင်း ဖော်ပြထားသည်။ ၎င်းဓါတ်အားပေးစက်ရုံသည် ကီလိုဝပ် တစ်သန်းကျော် ထုတ်လွှတ်ပေးလျက်ရှိရာ ဓါတ်အားအများဆုံးထုတ်လွှတ်ပေးနိုင်သည်။ ယင်းစက်ရုံသည် နိုင်ငံအတွင်းရှိ အကြီးဆုံးဓါတ်အားပေးစက်ရုံများအနက် တစ်ခုဖြစ်သည်။ မီးသတ်ဌာနက မီးလောင်မှုဖြစ်ပွားသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို