တိုကျို၊ ဇွန် ၉
ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနိုပြည်နယ် တာကာယာမကျေးရွာ၌ ဇွန် ၈ ရက် နံနက် ၄ နာရီခွဲဝန်းကျင်က အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဝက်ဝံတိုက်ခိုက်ခံရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။ ၎င်းမှာ သတင်းစာဝေနေစဉ် ဝက်ဝံက နောက်ဘက်မှ တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါဝက်ဝံက ၎င်း၏ညာဘက်လက်ကောက်ဝက်ကို ကိုက်ခဲ့ပြီး နောက်ကျောကိုလည်း ကုတ်ဖဲ့ခဲ့သဖြင့် ဒဏ်ရာပြင်းထန်ခဲ့သောကြောင့် ဒဏ်ရာများ သက်သာစေရန် တစ်လခန့် ဆေးရုံတက်ရောက်ကုသရမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ အလားတူ သောကြာနေ့ညနေပိုင်းကလည်း ကီဂျီမာဒါအိရကျေးရွာ၌ အမျိုးသားတစ်ဦးသည်လည်း ဝက်ဝံတစ်ကောင် တိုက်ခိုက်ခံရသဖြင့် အသေးစားဒဏ်ရာရရှိကြောင်း သိရသည်။
ဇွန် ၁ ရက်နှင့် ၂ ရက်ကလည်း အခြားလူနှစ်ဦးမှာ ဝက်ဝံတိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရရှိကြောင်း သိရသည်။ ပြည်နယအစိုးရက ဝက်ဝံအန္တရာယ် သတိပေးချက်ထုတ်ပြန်ထားပြီး နံနက်အစောပိုင်းနှင့် ညနေပိုင်းတို့တွင် ဝက်ဝံများသွားလာလှုပ်ရှားနသဖြင့် တောင်နံဘေးများ၏ အဝေးမှ နေထိုင်ရန် ပြည်သူများကို တိုက်တွန်းထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ