မတ် ၃

ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ယခင်လက ၂ ဒသမ ၆ ရာခိုင်နှုန်းမှ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ရာ ငါးလအတွင်း ပထမဆုံးအကြိမ် မြင့်တက်လာခြင်းဖြစ်ကြောင်း အစိုးရ၏ အချက်အလက်များက ယနေ့တွင် ဖော်ပြခဲ့သည်။

အလုပ်လုပ်ကိုင်သူ အရေအတွက်သည် ရာသီအလိုက် ပြင်ဆင်တွက်ချက်ထားသော ကိန်းဂဏန်းအရ ၆၈ ဒသမ ၁၇ သန်းရှိရာ ၀ ဒသမ ၄ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီး ငါးလအတွင်း ပထမဆုံးအကြိမ် ကျဆင်းလာခြင်း ဖြစ်သည်ဟု သိရသည်။ အလုပ်လက်မဲ့ အရေအတွက်သည် ၁ ဒသမ ၉၁ သန်းရှိကာ ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး နှစ်လဆက်တိုက် မြင့်တက်လာကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါအလုပ်လက်မဲ့များအနက် လူဦးရေ ၈၂၀၀၀၀ သည် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခြေအနေများကို ရှာဖွေရန်ရည်ရွယ်၍ မိမိဆန္ဒအရ အလုပ်မှထွက်ခွာခဲ့ကြရာ ၇ ဒသမ ၉ ရာခိုင်နှုန်း တိုးမြင့်လာပြီး အလုပ်ဖြုတ်ခံရသူဦးရေ ၄၅၀၀၀၀ ရှိကာ ဒီဇင်ဘာလနှင့် နှိုင်းယှဉ်လျှင် ပြောင်းလဲမှု မရှိခဲ့ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို