ဖေဖော်ဝါရီ ၁၀
ဂျပန်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ကာ စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း တိုးတက်မှုမှာမူ နှေးကွေးခဲ့ကြောင်း အစိုးရ၏အချက်အလက်များက ယနေ့တွင် ဖော်ပြထားသည်။
စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ပြောကြားချက်အရ ၂၀၂၅ ခုနှစ်တွင် ကြိုတင်ချက်ပြုတ်ထားသော ဆန်ထုပ်များ အပါအဝင် ဆန်တန်ချိန် ၄၈၀၀၀ ကျော် တင်ပို့ခဲ့ရာ ၂၀၂၀ ခုနှစ် နောက်ပိုင်း ပြည်ပသို့ စံချိန်တင်ဆန်တင်ပို့မှု ငါးနှစ်ဆက်တိုက် ဖြစ်လာခဲ့သည်။
ပြည်တွင်းစိုက်ပျိုးသော ဆန်ဈေးနှုန်းမြင့်မားမှုကြောင့် ယခင်သုံးနှစ်တာကာလအတွင်း တိုးတက်မှုနှုန်း ၂၀ ရာခိုင်နှုန်းကျော်မှ သိသိသာသာ နှေးကွေးသွားခဲ့သည်ဟု ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အနာဂတ်တွင် ဆန်ရှားပါးမှုကိုကာကွယ်ရေး ယန္တရားအသစ်တစ်ခု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ဆန်တန်ချိန် ၃၅၀၀၀၀ အထိ နိုင်ငံ၏ ဆန်တင်ပို့မှုကို ရှစ်ဆနီးပါး တိုးမြှင့်ရန် အစိုးရက စီစဉ်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


