တိုကျို ဇူလိုင် ၃၀

 

ဂျပန်နိုင်ငံရှိ အမျိုးသားနှင့် အမျိုးသမီးများ၏ ပျမ်းမျှသက်တမ်းမှာ ၂၀၂၂  ခုနှစ်တွင် နှစ်နှစ်ဆက်တိုက် ကျဆင်းခဲ့ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုက ထိုကဲ့သို့ ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

 

အမျိုးသမီးများအတွက် ပျမ်းမျှသက်တမ်းမှာ ၈၇ ဒသမ ၀၉ နှစ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ၀ ဒသမ ၄၉ နှစ် ကျဆင်းခဲ့ကြောင်းနှင့် အမျိုးသားများအတွက် ပျမ်းမျှသက်တမ်းမှာ ၈၁ ဒသမ ၀၅ နှစ်ဖြစ်ပြီး ၀ ဒသမ ၄၂ နှစ် ကျဆင်းခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောသည်။

 

ဂျပန်အမျိုးသမီးများ၏ သက်တမ်းမှာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးဖြစ်ကြောင်း သိရသည်။ အမျိုးသားများ၏ သက်တမ်းက ကမ္ဘာပေါ်တွင် ဆွစ်ဇာလန်၊ ဆွီဒင်နှင့် ဩစတြေးလျ နိုင်ငံတို့ပြီးနောက် စတုတ္ထမြောက် သက်တမ်းအရှည်ဆုံး ဖြစ်သည်။

 

ကိုဗစ်-၁၉၊ နှလုံးရောဂါနှင့် အသက်အရွယ်ကြီးရင့်မှုက ၂၀၂၁ ခုနှစ်ကထက် ၂၀၂၂ ခုနှစ်တွင် သေဆုံးနိုင်ခြေမြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်းမှာ ၄၇၆၃၅ ဦးရှိသည့်အတွက် ၂၀၂၁ ခုနှစ်ကထက် ၃၀၀၀၀ ပိုများကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ လျော့ပါးသက်သာလာသည်နှင့်အမျှ ပျမ်းမျှသက်တမ်းမှာ ထပ်မံမြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

 

အင်န်အိတ်ချ်ကေ