ဒီဇင်ဘာ ၁၂
ဂျပန်နိုင်ငံတွင် အသက်အကြီးဆုံးအမျိုးသမီးဖြစ်သူ ဖူဆာတာဆူမီ အသက် ၁၁၆ နှစ်အရွယ်သည် ယနေ့တွင်သေဆုံးသွားကြောင်း ၎င်းနေထိုင်ရာ အိုဆာကာစီရင်စုရှိ ကာရှီဝါရာမြို့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါအမျိုးသမီးသည် ၁၉၀၇ ခုနှစ် ဧပြီ ၂၅ ရက်တွင် မွေးဖွားခဲ့သူဖြစ်သည်။ ၎င်းသည်မကြာသေးမီကပင် ကာရှီဝါရာမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် သူမ၏နေ့ရက်များကုန်ဆုံးခဲ့သူဖြစ်ပြီး ထိုရိပ်သာရှိဝန်ထမ်းများကို မကြာခဏ နှုတ်ဆက်လေ့ရှိသည်ဟု သိရသည်။
ဖူကူအိုကာရှိ အသက် ၁၁၉ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးပြီးနောက် ဖူဆာတာဆူမီသည် လွန်ခဲ့သောနှစ်ဧပြီလတွင် ဂျပန်နိုင်ငံတွင် အသက်အကြီးဆုံးအမျိုးသမီးတစ်ဦးဖြစ်လာကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောကြားသည်။
စပိန်နိုင်ငံရှိ Maria Branyas Morera သည် ယခုနှစ် ဇန်နဝါရီအထိ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုအခါတွင် အသက် ၁၁၆ နှစ်ရှိပြီဖြစ်သည်။ သူမကို ၁၉၀၇ ခုနှစ် မတ်လ ၄ ရက်တွင် မွေးဖွားခဲ့သည်ဟု ဂရင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို