စက်တင်ဘာ ၁၄

 

ဂျပန်နိုင်ငံ၏ကုန်ထုတ်လုပ်မှုဈေးနှုန်းများ မြင့်တက်လာသည်မှာ ဩဂုတ်လတွင် ၁၈ လဆက်တိုက်ရှိပြီဖြစ်သည်။

 

ကုန်ကြမ်းပစ္စည်းဈေးနှုန်းများ ပိုမိုကုန်ကျခဲ့ခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းဈေးနှုန်းများမြင့်တက်ခြင်းဖြစ်သည်ဟု သိရသည်။

 

ကုမ္ပဏီများအကြားရောင်းဝယ်နေသောကုန်ပစ္စည်းကုန်ကျစရိတ်များသည် မနှစ်ကအလားတူကာလနှင့်နှိုင်းယှဉ်လျှင် ဩဂုတ်လတွင် ၉ ရာခိုင်နှုန်းတိုးလာသည်ဟု ဂျပန်ဗဟိုဘဏ်ကဆိုသည်။

 

ဧပြီလက ကုန်ပစ္စည်းကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်းနီးပါးနှင့်နှိုင်းယှဉ်ပါကနည်းပါးသော်လည်း ပြီးခဲ့သည့်လက ကိန်းဂဏန်းများ မြင့်တက်နေဆဲဖြစ်သည်။

 

ကုန်ပစ္စည်းကုန်ကျစရိတ်မြင့်တက်လာခြင်းကြောင့် အခြားစီးပွားရေးလုပ်ငန်းများသို့ ရောင်းချသည့်ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

 

ယူကရိန်းပဋိပက္ခနှင့် ရေနံစိမ်းရရှိရေးတို့နှင့်ပတ်သက်သည့်စိုးရိမ်စိတ်များကြောင့် စွမ်းအင်နှင့်ကုန်ကြမ်းဈေးနှုန်းများ ပိုမိုမြင့်တက်လာသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို