တိုကျို၊ ၂၂ ဒီဇင်ဘာ
ဂျပန်အစိုးရက ကိုးနှစ်ဆက်တိုက် စစ်ရေးအသုံးစရိတ် တိုးမြှင့်မှုကို ယနေ့ အတည်ပြုလိုက်ရာ ကာကွယ်ရေး ဘတ်ဂျက်တွင် F-X ကိုယ်ပျောက်တိုက်လေယာဉ်များနှင့် တာဝေးသင်္ဘောဖျက်ဒုံးများ ဝယ်ယူရေးလည်း ပါဝင်သည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကန်ဒေါ်လာ ၅၁ ဒသမ ၇ ဘီလီယံ ရရှိမည်ဖြစ်ရာ ပြီးခဲ့သည့်နှစ်ကထက် ၁ ဒသမ ၁ ရာခိုင်နှုန်း များပြားမည်ဖြစ်သည်။ ကာကွယ်ရေး ဘတ်ဂျက် အဆိုပြုမှုကို ဝန်ကြီးချုပ် ဆူဂါ၏ လစ်ဘရယ်ဒီမို ကရက်တစ် ပါတီ (LDP) ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ဝင် အများစုရှိရာ လွှတ်တော်က အတည်ပြုမည်ဟု မျှော်မှန်းရသည်။ ဘတ်ဂျက်သစ်အရ ၂၀၃၀ ပြည့်နှစ်များတွင် ရရှိမည်ဟု မျှော်မှန်းရသည့် F-X ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူရန် ကန်ဒေါ်လာ ၇၀၆ သန်း ရရှိမည်ဖြစ်သည်။
ဂျပန်နိုင်ငံက တာဝေးပစ်ဒုံးကျည်များ ဝယ်ယူမည့်အပြင် သမားရိုးကျ ဖျက်သင်္ဘောများထက် အင်အား အနည်းငယ်ဖြင့် အသုံးပြုနိုင်သည့် စစ်သင်္ဘောနှစ်စင်း တည်ဆောက်ရန် ကန်ဒေါ်လာ ၉၁၂ သန်း ခွဲဝေသတ်မှတ်မည်ဖြစ်သည်။ တောင်ပိုင်းရှိ အိုကီနာဝါကျွန်းစုကို ကာကွယ်စောင့်ရှောက်မည့် တာဝေးပစ်သ င်္ဘောဖျက်ဒုံးတစ်စင်းထုတ်လုပ်ရန် ဂျပန်နိုင်ငံက ကန်ဒေါ်လာ ၃၂၃ သန်း သုံးစွဲ မည်ဖြစ်သည်။
ဂျပန်နိုင်ငံက F-X ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူရန်ကန်ဒေါ်လာ ၄၀ ဘီလီယံကျော်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနက ကနဦး သုတေသနဆောင်ရွက်ရန် ကန်ဒေါ်လာ သန်း ၅၀၀ ကျော် အသုံးပြုမည်ဖြစ်သည်။
ကိုးကား - စပွတ်ညစ်
ဘာသာပြန် - ကျော်ထိုက်စိုး