တိုကျို   ဖေဖော်ဝါရီ   ၇

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုနှင့်စပ်လျဉ်း၍ ယနေ့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး၏ ရလဒ်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံက အဆိုပါမြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုကိစ္စနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အနေဖြင့် ရှင်းရှင်းလင်းလင်းရပ်တည်ပေးရန် ဂျပန်နိုင်ငံက အယူခံဝင်ခဲ့ကြောင်း၊ သို့ရာတွင် ယင်းကိစ္စ သည် အောင်မြင်မှုရရှိရန် နောက်ထပ်တစ်ကြိမ် ပျက်ကွက်ခဲ့ရပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ် ကြီး အီရှီကာနီကီမီဟီရိုကသတင်းထောက်များအား ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ လုပ်ရပ်သည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ဂျပန်နိုင်ငံက အခြားသော နိုင်ငံများအား ဂရုတစိုက်ရှင်းပြခဲ့ကြောင်းလည်း ဂျပန်သံအမတ်ကြီး အီရှီကာနီကီမီဟီရိုက ဆက်လက်ပြောကြားသည်။ ဂျပန်နိုင်ငံသည် မြောက်ကိုရီးယားကိစ္စနှင့်စပ်လျဉ်းသည့် ကြိုးပမ်းမှုများကို သက်ဆိုင်ရာနိုင်ငံများနှင့် ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အီရှီကာနီ ကီမီဟီရိုက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်