ဂျပန်နိုင်ငံက ပလတ်စတစ်သုံးစွဲမှု လျှော့ချရန်ပြင်ဆင်

၂၃ မတ်

 

ကမ္ဘာတစ်ဝန်းမှာ တစ်ခါသုံးပလတ်စတစ် အန္တရာယ် ဆိုးရွားလာတဲ့အတွက်  အစားအစာထည့်တဲ့ ဘန်တိုဘောက်(bento box) ကအစ ၊ ငှက်ပျောသီးတစ်လုံးခြင်းအဆုံး ပလတ်စတစ်နဲ့ ပတ်လေ့ရှိတဲ့ ဂျပန်နိုင်ငံမှာ ပလတ်စတစ်သုံးစွဲမှုကို လျှော့ချရန် စည်းမျဉ်းအသစ် ပြဋ္ဌာန်းမယ်လို့ သိရပါတယ်။ 

 

1

 

ဒီစည်းမျဉ်းအသစ်ကို အိုဆာကာမှာ ဇွန်လတွင် ကျင်းပမယ့် G20 အစည်းအဝေးပွဲမတိုင်မီ ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် အဏ္ဏဝါထဲက ပလတ်စတစ်အမှိုက်တွေ လျှော့ချရေး ကို G20 အစည်းအဝေးမှာ သဘောတူအောင် လုပ်ဆောင်ချင်ပုံရနေပါတယ်။ 

 

ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် ပလတ်စတစ်အိတ်အသုံးပြု မှုများတဲ့ နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မှတ်တမ်းအရသိရပါတယ်။ 

 

2

 

ဂျပန်နိုင်ငံမှာ တစ်နှစ်ကို ပလတ်စတစ်အမှိုက် ၉ ဒသမ ၄ တန် ချိန် ထွက်ကြောင်း ၂၀၃၀ အရောက်မှာ အဲဒီအမှိုက်တန်ချိန်ရဲ့ ၂၅ ရာခိုင်နှုန်းလျှော့ချရန် ရည်ရွယ်ထားကြောင်း၊ အဲဒီလိုလျှော့ချနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများမှာ ပလတ်စတစ်အိတ် အသုံးပြုမယ်ဆိုရင် တစ်အိတ်ချင်းစီကို ဝယ်ယူအသုံးပြုရမှာဖြစ်တဲ့အတွက် လူတွေဟာ အိတ်အသုံးပြုဖို့ လိုမလိုကို စဉ်းစားလာမယ်။ အဲဒီစည်းမျဉ်းက ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်းဆိုင်ရာ ဝန်ကြီးဌာနရဲ့ ပလတ်စတစ်အိတ်လျှော့ချရေးဌာနက ပြောပါတယ်။  ဂျပန်နိုင်ငံမှာ  ဒီစည်းမျဉ်းကို ၂၀၂၀ ကို အစောဆုံးထားပြီး ပြဋ္ဌာန်းမယ်လို့သိရပါတယ်။ 

 

3

 

အစိုးရရဲ့ ပလတ်စတစ်အိတ်လျှော့ချရေးမူ က နှေးကွေးနေပေမယ့် သက်ဆိုင်ရာ ဒေသအစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက ပလတ်စတစ်အိတ်လျှော့ချရေးကို လုပ်ဆောင်နေပါတယ်။ Aeon ကုမ္ပဏီပိုင် စတိုးဆိုင် ပေါင်း (၁၆၃၁) ဆိုင်တွေမှာ ၂၀၁၃ ခုနှစ်ကတည်း  ကိုယ်ပိုင်အိတ်မပါခဲ့ပါက ဘိုင်အိုပလတ်စတစ်အိတ် တစ်အိတ်ကို အမေရိကန်ဒေါ်လာ (ဝ ဒသမ ဝ၅) နဲ့ ပေးရကြောင်း သိရပါတယ်။ အဲဒီစတိုးဆိုင်ကို လာဝယ်တဲ့ ဈေးဝယ်တွေကလည်း ကိုယ့်ပိုင်အိတ်နဲ့ လာဝယ်ကြောင်း တကယ်လို့ အိတ်မပါခဲ့ရင် ဝယ်သုံးရမယ်ဆိုတာ နားလည်ကြောင်း Aeon ရဲ့ဌာနခွဲ မန်နေဂျာ ခါနာမာရူး က ပြောပါတယ်။

 

အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် ၂၀၁၇ ခုနှစ်မှာ ပလတ်စတစ်အိတ်ပေါင်း ၂၇၀ သန်းအသုံးမပြုပဲ လုပ်နိုင်ကြောင်း၊ ဈေးဝယ်သူ ၈၀ ရာခိုင်နှုန်းလောက်က ကိုယ်ပိုင်အိတ်နဲ့ ဈေးဝယ်လာကြောင်း ခါနာမာရူးက ဆက်ပြောပါတယ်။ 

 


MDN

 

4

 

ကိုးကား -AFP