ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို ကျန်းမာရေးမကောင်း တာဝန်မှအနားယူ

၂၂ မတ်

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုသည် ကျန်းမာရေးမကောင်းသဖြင့် အလုပ်တာဝန်မှ အနားယူခဲ့ကြောင်းနှင့် ကိုနိုသည် ကျောက်ကပ်ရောင် ရောဂါရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

 

ကိုနိုသည် ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ဖျားနာနေသဖြင့် တိုကျိုတွင် အနားယူနေခဲ့ကြောင်း ထိုဝန်ကြီးဌာနက ဆိုသည်။

 

အဆိုပါ ဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးက အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ ညွှန်ကြားရေးမှူးများကို ဝန်ကြီး ကိုနို မလာရောက်နိုင်ခြင်းအတွက် တောင်းပန်စကား ဆိုခဲ့သည်။

 

ကိုနိုသည်ယခုထိ ဖျားနာနေဆဲဖြစ်ပြီး ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှု ယနေ့ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

 

ယင်းအထက်လွှတ်တော်နိုင်ငံခြားရေးရာနှင့် ကာကွယ်ရေး ကော်မတီသည် ဗုဒ္ဓဟူးနေ့က ကျင်းပမည့် အစည်းအဝေးကို ပယ်ဖျက်ခဲ့သော်လည်း ထိုကော်မတီအစည်းအဝေးကို ဝန်ကြီးကိုနို နေရာတွင် ပြည်နယ်နိုင်ငံခြားရေးဝန်ကြီး မာဆာဟီဆာ ဆာတို နှင့်  ယနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

ဘာသာပြန်- မြင့်မြင့်ချို
ကိုးကား-အန်အိတ်ချ်ကေ