၂၈ ဩဂုတ်

 

ဂျပန်နိုင်ငံကို နိုင်ငံခြားသားတွေ လာမယ့်လကစပြီး ဝင်ရောက်ခွင့်ပြုမယ်လို့ ဝန်ကြီးချုပ် အာဘေး ရာထူးမှ မနှုတ်ထွက်ခင် နာရီပိုင်းအလိုမှာ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် အာဘေးဟာ ကျန်းမာရေး အခြေအနေကြောင့် တာဝန်ကနေ နှုတ်ထွက်မယ်လို့ ဒီနေ့ (သောကြာနေ့)မှာ ကြေညာခဲ့ပါတယ်။

 

စက်တင်ဘာ ၁ရက်နေ့ကနေ စပြီး နိုင်ငံခြားသားတွေကို ပြန်လည်ဝင်ရောက်ခွင့် ပြုမှာဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံကို ပြန်လည်ဝင်ခွင့်မရသူတွေအား သက်တမ်းရှိတဲ့ ပြည်ဝင်ခွင့် ဗီဇာနဲ့အတူ ဝင်ခွင့်ပြုမှာ ဖြစ်ကြောင်းနဲ့ နိုင်ငံကို ဝင်ရောက်ရာမှာလည်း ဗိုင်းရပ်စ်ပိုးကာကွယ်ရေး အစီအစဉ်နဲ့ဖြစ်ကြောင်း ဝန်ကြီးချုပ် အာဘေး က ပြောကြားပါတယ်။

 

ဂျပန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရသူအပါအဝင် နိုင်ငံခြားသားအများစုကို နိုင်ငံတွင်းကို ဝင်ခွင့် မပေးခြင်းနဲ့ နယ်စပ်ဂိတ်တွေကို တင်းကျပ်စွာပိတ်ထားခဲ့ခြင်းအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့်ထိခိုက်ခဲ့တဲ့ စီးပွားရေးကို ပြန်လည် တည်ဆောက်ရန် အတွက် ပြည်ဝင်ခွင့်စည်းမျဉ်းတွေကို အလျှော့ပေးလိုက်ပေမယ့် ဗိုင်းရပ်စ်ပိုး ကူးစက်မှုမရှိအောင် စည်းမျဉ်းတွေက ပါရှိနေတာကို တွေ့ရပါတယ်။

 

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၆၅,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁,၂၀၀ ခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP