တိုကျို ဇန်နဝါရီ ၅
ဂျပန်နိုင်ငံမှတိုမီကို အိုင်တူကာအမည်ရှိ အသက် ၁၁၆ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးသည် ဂျပန်နိုင်ငံ အနောက်ပိုင်း ဟိုင်ဂိုစီရင်စု အီရှီယာမြို့ရှိ သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွင် ဒီဇင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့ကြောင်း ယနေ့ အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။
၁၉၀၈ ခုနှစ် မေ ၂၃ ရက်တွင် မွေးဖွားခဲ့သည့် ၎င်းသည် အိုဆာကာစီရင်စု ကီရှီဝါယာမြို့တွင်နေထိုင်သည့် အသက် ၁၁၆ နှစ်အရွယ်ရှိ ဖူဆာတက်ဆူမီ ကွယ်လွန်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် ဂျပန်နိုင်ငံ၏ အသက်ကြီးဆုံး လက်ရှိရှင်သန်နေထိုင်နေသူဖြစ်လာခဲ့သည်။
စပိန်နိုင်ငံတွင် နေထိုင်သည့် အသက် ၁၁၇ နှစ်အရွယ်ရှိ မာရီယာ ဗရန်းနက် ကွယ်လွန်ပြီးနောက် ကမ္ဘာ့အသက်ကြီးဆုံး လက်ရှိရှင်သန်နေထိုင်နေသူအဖြစ် ၎င်းအား ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစာအုပ်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလက သတ်မှတ်ခဲ့သည်။ လက်ရှိကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီးမှာ ဘရာဇီးနိုင်ငံမှ အသက် ၁၁၆ နှစ်အရွယ်ရှိ သီလရှင် အင်အက်ကင်နာ ဗာရိုလူကတ် ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ