၂၈ ဇန်နဝါရီ 

 

 

ဉရောပသမဂ္ဂက ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာသဖြင့် ယင်းနိုင်ငံမှ ခရီးသွားများ ဝင်ရောက်ခွင့် ပိတ်ပင်မှု ပြန်လည်ချမှတ်ခဲ့သည်။

 

 

ယမန်နေ့က ပြုလုပ်သော သံအမတ်အဆင့် အစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ တာဝန်ရှိသူများက ယနေ့မနက် အစောပိုင်းတွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ရန် စီစဉ်ထားသည်။

 

 

ထိုချမှတ်သော စည်းမျဉ်းတွင် ခရီးသွားရန် မရှိမဖြစ် လိုအပ်သော သူများမှတစ်ပါး ဂျပန်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားသည်။

 

 

ရောဂါကူးစက်မှုများ ဖြစ်ပွားလာပြီးနောက် ဉရောပသမဂ္ဂ မဟုတ်သည့် နိုင်ငံများမှ ခရီးသွားများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့သည်။ ထိုသို့ ပိတ်ပင်ထားခဲ့ပြီး နောက်ပိုင်း ရောဂါကူးစက်မှုများကို ထိန်းချုပ်ထားနိုင်သည်ဟု ယူဆကာ ခရီးသွားများအတွက် နယ်စပ်ဒေသများကို ပြီးခဲ့သည့် ဇူလိုင်လက ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

 

 

အီးယူအဖွဲ့ဝင်နိုင်ငံ အသီးသီး အနေဖြင့် ဂျပန်နိုင်ငံမှ ခရီးသွားများကို အမှန်တကယ် ပိတ်ပင်ခြင်း ရှိ၊ မရှိ ၎င်းတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ချမှတ်ရမည် ဖြစ်သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို