၁၂ မတ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံမှ လာရောက်သူများကို နိုင်ငံပေါင်း ၂၉ နိုင်ငံက ကန့်သတ်ထားသည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့မနက်အစောပိုင်းက ပြောကြားခဲ့သည်။

 

အဆိုပါ နိုင်ငံများတွင် တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ နှင့် အစ္စရေး နိုင်ငံတို့ ပါဝင်သည်။

 

ဂျပန်နိုင်ငံမှ ရောက်ရှိလာသူများကို သတ်မှတ်ထားသော အဆောက်အအုံများတွင် သတ်မှတ်ထားသော ကာလအတွင်း စောင့်ကြည့်ရန် လိုအပ်ကြောင်း ထိုင်ဝမ်၊ ရုရှား၊ ထိုင်းနှင့် ဗီယက်နမ် တို့ အပါအဝင် နိုင်ငံပေါင်း ၇၀ က တောင်းဆိုထားသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို