တိုကျို ၂ ဖေဖော်ဝါရီ
ဂျပန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်က အလုပ်ရှာတဲ့သူ ၁၀ဝ အတွက် အလုပ် ၁၆၁ ခုက အလိုရှိနေပါတယ်။ အခုလို လုပ်သားလိုအပ်မှုမှာ ၁၉၇၃ ခုနှစ်ကနေ စပြီး နှစ်ပေါင်း ၄၅ နှစ်အတွင်းမှာ အမြင့်ဆုံးဖြစ်နေတာကို တွေ့ရပါတယ်။
ပြီးခဲ့ဒီဇင်ဘာလမှာ လူ ၁၀ဝ အတွက် အလုပ် ၁၆၃ ခုက အလိုရှိနေကြာင်း ဒီကနေ့ (သောကြာနေ့) မှာ ထုတ်ပြန်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဂျပန်နိုင်ငံမှာ အသက်ကြီးတဲ့ဦးရေးမြင့်တာလာသလို ကလေးမွေးဖွားနှုန်းက ကျဆင်းနေတဲ့အတွက် လုပ်ငန်းတွေမှာ လုပ်သားလိုအပ်မှုတွေ ဖြစ်နေတာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပါတယ်။
ဒီဇင်ဘာလက ဂျပန်နိုင်ငံမှာ အလုပ်လက်မဲ့ နှုန်းက ၂ ဒသမ ၄ ရာခိုင်နှုန်း အထိ ကျဆင်းသွားတာကြောင်း ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
လုပ်သားလိုအပ်မှုနဲ့အတူ ငွေကြေးဖောင်းပွမှုကို ဂျပန်အစိုးရရင်ဆိုင်ခဲ့ရကြောင်း ပြီခဲ့တဲ့ လက Bank of Japan ဂျပန်ဘဏ် ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်မှာ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် နောက်ဆုံး ၃ လမှာ စီးပွားရေးနည်းနည်းကျုံ့သွားခဲ့ပါတယ်။
MDN
ကိုးကား - AFP