၁၄ သြဂုတ်
ဂျပန်နိုင်ငံရဲ့ အိုဘွန်းပိတ်ရက်အတွင်း မြို့ကြီးတွေမှာ လာရောက်အလုပ်လုပ်ကိုင်သူတွေဟာ သူတို့ရဲ့ မွေးရပ်မြေကို ပြန်မယ့်အချိန်ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ စတင်တိုက်ခတ်မယ့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်တာကြောင့် လေကြောင်းခရီးစဉ်များနှင့် ကျည်ဆံရထားခရီးစဉ်များကို ဖျက်သိမ်းထားပါတယ်။
ကရိုဆာမုန်တိုင်းကြောင့် ဂျပန်နိုင်ငံ တောင်ပိုင်းရှိ လေဆိပ်တွေမှာ ယနေ့နိုင်ငံတွင်းပျံသန်းမယ့် လေယာဉ်ခရီးစဉ်ပေါင်း ၆၂ ခုကို ဖျက်သိမ်းထားပါတယ်။ မီယာဇာကီ နဲ့ တာနီဂါရှီးမား လေဆိပ်တွေကနေ ထွက်ခွာဝင်ရောက်မယ့် လေကြောင်းခရီးစဉ်အားလုံးကိုလည်း ဖျက်သိမ်းပြီး အာမာမီလေဆိပ်မှာတော့ ခရီးစဉ်တစ်ချို့ကို ဖျက်သိမ်းကြောင်း တာဝန်ရှိသူက ပြောပါတယ်။ ကြာသပတေးနေ့မှာလည်း ခရီးစဉ်တွေကို ဖျက်သိမ်းနိုင်ကြောင်း သိရပါတယ်။
အိုဆာကာနဲ့ နိုင်ငံအနောက်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ကျည်ဆံရထားလိုင်းတွေရဲ့ ကြာသပတေးနေ့ ခရီးစဉ်တွေကို ဖျက်သိမ်းကြောင်း West Japan ရထားကုမ္ပဏီကလည်း ကြေညာထားပါတယ်။
ကရိုဆာ မုန်တိုင်းဟာ တစ်နာရီကို မိုင်၉၀ နှုန်းတိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားပြီး ရှီကိုကျူကျွန်းကို ကြာသပတေးနေ့မှာ ဝင်ရောက်တိုက်ခတ်နိုင်ကြောင်းနဲ့ မုန်တိုင်းဟာ ဂျပန်နိုင်ငံ အနောက်ပိုင်းကို ရွေ့လျားသွားမှာဖြစ်ကြောင်း ဂျပန်နိုင်ငံမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ မုန်းတိုင်းကြောင့် ရေကြီးနိုင်သလို မြေပြိုမှုတွေလည်း ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။
MDN
ကိုးကား- AFP