တိုကျို ဒီဇင်ဘာ ၁၂
စားပွဲအောက်ခြေတွင် ဂျပန်ရိုးရာ ကိုတက်ဆုဟီတာခေါ် အပူပေးစက်တပ်ဆင်ထားသည့် စားပွဲများဖြင့် စားသောက်ဖွယ်ရာများကို ခရီးသည်များ အားစားသောက်စေပြီး ရထားပေါ်မှရှုခင်း များကို ကြည့်ရှုနိုင်သည့် ဝန်ဆောင်မှု ပေးသည့် ဆောင်းရာသီရထားကို ဂျပန် နိုင်ငံမြောက်ပိုင်း ပစိဖိတ် ကမ်းရိုးတန်း တစ်လျှောက် ဒီဇင်ဘာ ၉ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။
၎င်းရထားတွင် လိုက်ပါစီးနင်းပြီး ရှုခင်းများကို ကြည့်ရှုကာ စားပွဲတွင် ခင်းကျင်း ထားသည့် အစား အသောက်များကို စားသောက်နိုင်သည့်အတွက် မိမိတို့၏ ပထမဆုံးခရီးစဉ်ကို စိတ်ကျေနပ်မှုရှိ ကြောင်း ၎င်းရထားစီးနင်းသူ တိုကျိုမှ မိသားစုတစ်စုက ပြောကြားသည်။ ၎င်း အဆင့်မြင့်စနစ်သုံး ရထားတွင် နေ့လယ် စာဘူးများကိုပါ ပြည့်စုံစွာစီစဉ်ထားရှိသဖြင့် နိုင်ငံတစ်ဝန်းမှ ခရီးသည်များသည် ၎င်းရထားဖြင့် ကမ်းရိုးတန်းဒေသ၏ ဆောင်းရာသီအလှကို ပြည့်စုံစွာခံစားနိုင်မည်ဖြစ်ကြောင်း Sanriku Railway မှ တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ