တိုကျို  ဇန်နဝါရီ  ၂၈

ဂျပန်နိုင်ငံ မြောက်ပိုင်းနှင့်အနောက်ပိုင်း  ဂျပန်ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ဇန်နဝါရီ  ၂၉ ရက်မှ ၃၀ ရက်အထိ ဆီးနှင်းများထူထပ်စွာ ကျဆင်းမည်ဖြစ်ကြောင်း ဂျပန်မိုးလေဝသအာဏာပိုင်များက ပြောကြားခဲ့သည်။

ပြင်းထန်သည့် ဆောင်းရာသီ လေဖိအားပုံစံများကြောင့် ဆီးနှင်းကျဆင်းမှုသည် အဓိကအားဖြင့် တိုဟိုကူဒေသတွင် ပိုမိုထူထပ်စွာကျဆင်းမည်ဖြစ် ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ခန့်မှန်းဖော်ပြထားသည်။

ဒေသအတော်များများတွင် ဆီးနှင်းစုပုံကျဆင်းမှုသည် ပျမ်းမျှတစ်နှစ်တာအတွင်း ကျဆင်းခဲ့သော ဆီးနှင်းပမာဏထက် များစွာကျော်လွန်ကျဆင်းမည်ဖြစ်သည်။

ဆီးနှင်းထူထပ်စွာကျဆင်းမှုကြောင့်   ဖြစ်ပေါ်လာနိုင်သော ယာဉ်အန္တရာယ်များကို သတိထားရန် အာဏာပိုင်များက သတိပေးထားသည်။

အင်န်အိတ်ချ်ကေ