ဇန်နဝါရီ ၂၉

ဂျပန်နိုင်ငံတွင် ကလေးများ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုများသည် နှစ်နှစ်ဆက်တိုက် စံချိန်တင်မြင့်မားခဲ့ရာ ၂၀၂၅ ခုနှစ်တွင် ၅၃၂ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ယနေ့တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်တွင် အထက်တန်းကျောင်းသား ၃၅၂ ဦး၊ ဒုတိယတန်းကျောင်းသား ၁၇၀ ဦးနှင့် မူလတန်းကျောင်းသား ၁၀ ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အသက် ၁၉ နှစ်နှင့်အောက်လူငယ်များတွင် စာသင်ကျောင်းနှင့်ဆက်စပ်သောပြဿနာများကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအဖြစ်အများဆုံးဖြစ်ပြီး ကျန်းမာရေးနှင့် မိသားစုပြဿနာများကြောင့်လည်း ကိုယ့်ကိုယ်ကိုယ်သတ်သေမှုများရှိကြောင်း ဖော်ပြထားသည်။

ကျား၊မ အလိုက်ကြည့်လျှင် အမျိုးသမီးများတွင် ကိုယ့်ကိုယ်ကိုယ်သတ်သေမှု၂၇၇ ဦးရှိပြီး ယခင်နှစ်ကထက် ၁၃ မှု ကျဆင်းကာ အမျိုးသားများတွင် ၂၅၅ ဦး ရှိပြီး ၁၆ မှု မြင့်တက်ခဲ့သည်ဟု သိရသည်။

ဂျပန်နိုင်ငံရှိ ကလေးများ၏ မိမိကိုယ်ကိုယ်သတ်သေမှုများသည် ၂၀၂၂ ခုနှစ်မှစ၍ နှစ်စဉ် ၅၀၀ အထက်ရှိကြောင်း အစိုးရအဖွဲ့က ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို