ဩဂုတ် ၃
ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါခရိုင်တွင် ယမန်နေ့ကအားပြင်း တိုင်ဖွန်းမုန်တိုင်းခါနွန် တိုက်ခတ်မှုကြောင့် မိုးများသည်းထန်စွာရွာသွန်းသဖြင့် ယနေ့တွင် သေဆုံးသူနှစ်ဦးရှိလာသည်။
အဆိုပါမုန်တိုင်းသည် ယခုနှစ်အတွင်း ခြောက်ကြိမ်မြောက်တိုက်ခတ်သောမုန်တိုင်းဖြစ်ပြီး အိုကီနာဝါခရိုင်တွင် ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးများပြတ်တောက်သွားခဲ့သည်။
ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် အိုကီနာဝါခရိုင်ရှိ အချို့သောဒေသများတွင် မီးပွိုင့်များချွတ်ယွင်းမှုဖြစ်ကာလူ ၆၁ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းမီဒီယာကဖော်ပြထားသည်။ ရူမာမြို့တွင် အသက် ၈၉ နှစ်အရွယ် အဘွားတစ်ဦး ဖယောင်းတိုင်မီးထွန်းရာမှမီးလောင်မှုဖြစ်ပွားကာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားသည်။
အသက် ၉၀ အရွယ်အဘိုးတစ်ဦးသည် ၎င်း၏နေအိမ်၌ ကားဂိုဒေါင်ပြိုကျခဲ့ရာ အပျက်အစီးများအောက်တွင်ပိမိခဲ့ပြီးနောက် ဆေးရုံပေါ်တွင် ယမန်နေ့အစောပိုင်းက သေဆုံးသွားခဲ့သည်။
လေကြောင်းလိုင်း ၃၁၄ ခုထက်မနည်းနှင့် ခရီးသည် ၄၀၀၀၀ ကျော် မုန်တိုင်းဘေးသင့်ဖွယ်ရှိကြောင်း အင်န်အိတ်ချ်ကေသတင်းဌာနက ဖော်ပြထားသည်။
အမြင့်ဆုံးလေတိုက်နှုန်း တစ်စက္ကန့်လျှင် မီတာ ၆၀ ဖြင့်တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းသည် ဩဂုတ်လ ၄ ရက်တွင် အနောက်-အနောက်မြောက်သို့ ဦးတည်ရွေ့လျားပြီး အရှေ့တရုတ်ပင်လယ်တွင် အားလျော့သွားဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
မိုးလေဝသဌာနက မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံခြင်းနှင့် မြစ်ရေကြီးခြင်းတို့နှင့်ပတ်သက်ပြီး ပြည်သူများအား သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို