အောက်တိုဘာ ၁၃
ဂျပန်နိုင်ငံတွင် အိုမီခရွန် BA.5 မျိုးကွဲကူးစက်မှုကိုပစ်မှတ်ထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှု စတင်ဆောင်ရွက်ခဲ့သည်။
ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များက ဒေသခံများအား ထိုကာကွယ်ဆေးများကို ယနေ့မှစတင်ကာ ထိုးနှံပေးသွားမည်ဖြစ်သည်။
တိုကျိုမြို့မီနာတိုရပ်ကွက်ကမူ ကာကွယ်ဆေးကို အောက်တိုဘာ ၁၄ ရက်မှစတင်ကာ ထိုးနှံပေးသွားမည်ဟု ဆိုသည်။
လွန်ခဲ့သောငါးလအကြာက ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၁၂ နှင့်အထက်အရွယ်အားလုံး ထိုကာကွယ်ဆေးထိုးနှံမှုခံယူနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံတွင် BA.1 အိုမီခရွန်မျိုးကွဲကူးစက်မှုအတွက် ကာကွယ်ဆေးထိုးနှံမှုကို စက်တင်ဘာလက စတင်ပြုလုပ်ခဲ့သည်။
ယခုနှစ်ကုန်ပိုင်းတွင် BA.1နှင့် BA.5 မျိုးကွဲကူးစက်မှုအတွက် လူဦးရေ ၇၆ ဒသမ ၅၂ သန်းခန့်သည် ကာကွယ်ဆေးထိုးနှံမှုခံယူနိုင်ကြောင်း ထိုဝန်ကြီးဌာနက တွက်ချက်ထားသည်။
တာဝန်ရှိသူများက ကာကွယ်ဆေးများကို တတ်နိုင်သမျှထိုးနှံမှုခံယူကြရန် ပြည်သူများအား တိုက်တွန်း ပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို