တိုကျို ဒီဇင်ဘာ ၂၄

ဂျပန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၀ အား ထပ်မံတွေ့ရှိသဖြင့် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၀ အထိရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများအနက် ၃၃ ဦးမှာ အမေရိကန်၊ ဗြိတိန်၊ ကင်ညာ၊ နိုင်ဂျီးရီးယား စသော နိုင်ငံများ၌ သွားရောက်နေထိုင်ခဲ့သူများဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း ကျိုတိုခရိုင်၊ အိုဆာကာခရိုင်နှင့် ချီဘာခရိုင်တို့၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးစီတွေ့ရှိရပြီး အိုကီနာဝါခရိုင်၌ လေးဦးကူးစက်ခံရကြောင်း သိရသည်။

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများတွင် ကျိုတိုနှင့်အိုဆာကာ ခရိုင်တို့၌ အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများမှာ လူအစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုများမှတစ်ဆင့် ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - စိုးသူရ