တိုကျို   ဇွန်  ၂၆

ဂျပန်နိုင်ငံ၌   အလုပ်နှင့်ဆက်စပ်၍   ဖြစ်ပေါ်လာသည့်   စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုမှာ ၂၀၂၄ ခုနှစ်အတွင်း ၁၀၅၅ ခု ရှိခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုခံစားရသူဦးရေ  ပထမဆုံးအကြိမ်အဖြစ် ၁၀၀၀ ကျော်လာ ခြင်းဖြစ်သည်ဟု အစိုးရအချက်အလက်များအရ သိရသည်။

စိတ်ပိုင်းဆိုင်ရာမကျန်းမာမှုခံစားရသူ စံချိန်တင်မြင့်မား

အလုပ်နှင့်ဆက်စပ်၍   စိတ်ပိုင်းဆိုင်ရာ   မကျန်းမာမှုခံစားရသူ ဦးရေမှာ ခြောက်နှစ်ဆက်တိုက် စံချိန်တင်မြင့်မားလာခြင်းဖြစ်သည်။  အလုပ်တာဝန်များနှင့် အလုပ်ဝန်အားများ   သိသာထင်ရှားစွာ  ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရသည့်   စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ၁၁၉ ခုရှိပြီး ဖောက်သည်များက အလုပ်သမားများအပေါ်  ရုပ်ပိုင်းဆိုင်ရာနှင့်သာမက နှုတ်ဖြင့် အကြမ်းဖက်ခြင်းကြောင့်  ဖြစ်ပေါ် လာရသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု  ၁၀၈  ခုရှိကြောင်း  ကျန်းမာရေးအလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏  ဇွန်  ၂၅  ရက် ထုတ်ပြန်ချက်အရ သိရသည်။

လျော်ကြေးလျှောက်ထားနိုင်ခွင့် ၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ အကျုံးဝင်

ဖောက်သည်များ၏ အမျိုးမျိုးသော နှောင့်ယှက်မှုကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်ရသည့်  အလုပ်သမား များအတွက် လျော်ကြေးလျှောက်ထားနိုင်ခွင့်ကို  ၂၀၂၃  ဘဏ္ဍာနှစ်မှစတင်၍  အကျုံးဝင်ကြောင်း  စာရင်း ထည့်သွင်းခဲ့သည်။ စိတ်ပိုင်းဆိုင်ရာမကျန်းမာမှုကြောင့်  အလုပ်သမား လျော်ကြေးပေးရန် လျှောက်ထားမှုအရေအတွက်သည် မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွင်း ၃၇၈၀ ရှိပြီး ယမန်နှစ်ကထက် ၂၀၅ ခုတိုးလာကြောင်း  ကျန်းမာရေးအလုပ်သမားနှင့်  လူမှုဖူလုံရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။                                       

ဆင်ဟွာ